ဖေ့ဘုတ်ပေါ်မှ GIF တွေကို ဖုန်းထဲကို Save လုပ်နည်း

GIF တွေကတော့ Facebook အပါအဝင် Social မီဒီယာတွေပေါ်မှာ မပါမဖြစ်အရာတစ်ခုပါပဲ။ GIF ပုံရိပ်တွေကို မျှဝေ၊ ဖန်တီးပြီး ဟာသတွေလုပ်ကြပါတယ်။ ကဲ ကိုယ်ကြိုက်တဲ့သူတွေ၊ ကိုယ့် Idol တွေ ပါလာတဲ့ GIF တွေကို ဖုန်းထဲမှာ သိမ်းဆည်းထားချင်ရင်ရော၊ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်က ဒီ Article မှာ Facebook နဲ့ Social Network တွေက GIF တွေကို ဖုန်း၊ တက်ဘလက်တွေထဲမှာ သိမ်းဆည်းထားနိုင်တဲ့ နည်းလမ်းကို ပြသပေးမှာပါ။


အရင်ဆုံး Facebook ထဲက ကိုယ်နှစ်သက်တဲ့ GIF တစ်ခုတွေ့ပြီဆိုရင် အဲ့ဒီ GIF ဖိုင်ပါတဲ့ Post ရဲ့ ညာဘက်အပေါ်ထောင့်က မျှားလေးအောက်စိုက်နေတဲ့ icon ကိုနှိပ်လိုက်ရင်ဒီအတိုင်း Menu Box ကျလာပါလိမ့်မယ်။ Menu ထဲက Copy Link ကိုနှိပ်လိုက်ရင် အဲ့ဒီPost ရဲ့ Link ကို ကူးသွားပါလိမ့်မယ်။


ပြီးရင် Facebook App ထဲကထွက်လိုက်ပြီး ဖုန်း Browser ထဲဝင်လိုက်ပါ။ Browser ထဲရောက်ရင် Search Bar မှာ ခုနကကူးလာတဲ့ Link ကို Paste လုပ်ပြီး Post ထဲဝင်ရမှာပါ။ တစ်ခုရှိတာက သင့်Browser ထဲမှာ သင့်အကောင့်ကို ဝင်ထားပြီးသားဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဝင်ပြီးရင် Website View အနေနဲ့ ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်။
ပြီးရင် GIF ပုံကိုနှိပ်လိုက်ရင် သူ့နဂိုမူရင်းပုံကိုသွားမှာပါ။ ရောက်သွားရင် အောက်မှာပြထားတဲ့အတိုင်း မြင်နိုင်မှာပါ။


ပုံကိုဖိထားလိုက်ရင် Menu Box ကျလာမှာဖြစ်ပြီး Save Image / Download Image ကိုနှိပ်လိုက်ရင် GIF ကို ဒေါင်းလုဒ်ဆွဲပါလိမ့်မယ်။


ပြီးသွားရင်တော့ သင့် Gallary ထဲက File တစ်ခုထဲမှာ GIF လေးကိုတွေ့ရမှာပါ။ ဒါပါပဲ။ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် လွယ်ကူပါတယ်။ တိုက်ရိုက်ဒေါင်းတဲ့ App ကတော့ မရှိလို့ အလွယ်ကူဆုံးနည်းကို ရှာဖွေပြီး တင်ပြပေးလိုက်တာပါ။
Crd: akhayar.com
Photo : swln